# Chiang Mai University - CMU အကြောင်းတစေ့တစောင်း - Part Two (Updated 2024)

# Part Two - How to get into CMU?

## Previous Part

အရှေ့အပိုင်း ၁ မှာ CMU နဲ့ပတ်သက်ပြီး information အနည်းငယ်ကိုရေးပေးထားပါတယ်။  
ယခုအပိုင်း ၂ မှာ CMU ဝင်ခွင့်နဲ့ပတ်သက်ပြီး ဆက်လက်ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။

Part 1 - [စီမူ (Chiang Mai University - CMU) အကြောင်းတစေ့တစောင်း - Part One](https://khantzawhein.me/chiang-mai-university-cmu-part-one)

## Entrance Requirements

ဒီနေရာမှာ ‌ကျောင်းလျှောက်မယ်ဆိုရင် သတိထားစေချင်တာ က မြန်မာက ဆယ်တန်းအောင်ရုံနဲ့ ‌ဝင်ခွင့်မပေးပါဘူး။ ထိုင်းပညာရေးစနစ်က ၁၂တန်းဖြစ်တဲ့အတွက် တက္ကသိုလ်တစ်ခုခုက ပထမနှစ် သို့မဟုတ် GED ‌ဖြေပြီးမှလျှောက်လို့ရပါတယ်။ အသေးစိတ်ကိုဒီမှာ ကြည့်လို့ရပါတယ်

[CMU Entrance Announcement](https://admission.reg.cmu.ac.th/reg-ipas/main/index.php)

![](https://cdn.hashnode.com/res/hashnode/image/upload/v1711646197708/79f44b61-7162-4588-9e0c-76eaa855e660.png align="center")

> အပေါ် က Announcement Link မှာ တင်ပေးထားတဲ့ Official Announcement ကိုသေချာဖတ်စေချင်ပါတယ် အဲ့ဒီမှာ လိုအပ်တဲ့အချက်အလက်အကုန်နီးပါးထည့်ပေးထားပါတယ်။

![](https://cdn.hashnode.com/res/hashnode/image/upload/v1680544098754/7b66c1a6-18c4-4675-8ceb-c3da2fca94a7.png align="center")

![](https://cdn.hashnode.com/res/hashnode/image/upload/v1680544127181/0ae2ac4d-74d1-42bc-b1e4-031442b6e523.png align="center")

## English Requirements

English Qualification အတွက် IELTS, TOEFL စသဖြင့်ရှိပြီးသတ်မှတ်ထားတဲ့ အမှတ်မှီရင် ‌ထည့်လျှောက်လို့ရသလို မရှိပါက English Entrance ဖြေပြီးလျှောက်လို့ရပါတယ်။

![](https://cdn.hashnode.com/res/hashnode/image/upload/v1711646368146/8ffe033e-5756-49a0-9fac-744a91602647.png align="center")

## 3 Rounds for Application

CMU မှာ entrance application တင်ဖို့ ရက်အပိုင်းအခြား (Round) ၃ခုရှိပါတယ် Round တစ်ခုနဲ့တစ်ခု အချိန်မတူသလို လျှောက်လို့ရနိုင်တဲ့မေဂျာတွေလဲမတူပါဘူး

Schedule ကို ဒီလင့်ကနေကြည့်လို့ရပါတယ်။

[CMU Entrance Schedules](https://admission.reg.cmu.ac.th/reg-ipas/main/index.php)

## Entrance Exam & Interview

### a. Special Track

CMU Entrance Application မှာ Regular Track နဲ့ Special Track ဆိုပြီးနှစ်မျိုးရှိပါတယ်။ Special Track ဆိုတာ SAT ‌ဖြေဆိုထားတဲ့သူတွေအတွက်ပါ။ SAT Score ရှိရင်လဲ သက်ဆိုင်ရာ Major အလိုက်အမှတ်မှီရပါဦးမယ်။ Special Track သမားတွေက Entrance Exam ဖြေဆိုစရာမလိုအပ်ပါဘူး။

![](https://cdn.hashnode.com/res/hashnode/image/upload/v1711647400379/0cf6987c-4a2f-4533-b94a-922531aa5c03.png align="center")

![](https://cdn.hashnode.com/res/hashnode/image/upload/v1711647411326/4d53c804-ceba-4939-9487-7c29af2b4c07.png align="center")

### b. Regular Track

Regular Track မှာတော့ လျှောက်ထားတဲ့ မေဂျာ အလိုက် ဖြေရတဲ့ Entrance Exam တွေမတူကြပါဘူး စာရေးသူကတော့ SE ‌ကိုလျှောက်ခဲ့တဲ့အတွက် SE Aplitude Test + Mathematics ဖြေရပါတယ်။ ဘာတွေဖြေရမလဲသိချင်ရင် သက်ဆိုင်ရာ faculty ကို email နဲ့ပို့ပြီးမေးလို့ရပါတယ်။

သက်ဆိုင်ရာ Entrance Exam အောင်သွားရင် Zoom Interview ဖြေရပါတယ်။ Zoom Interview မှာ မေးတဲ့သူတွေက သက်ဆိုင်ရာ Faculty က Professor တွေဖြစ်ပြီး ဘာသာရပ်နဲ့သက်ဆိုင်တဲ့မေးခွန်း တချို့ကိုမေးတတ်ပါတယ်။

![](https://cdn.hashnode.com/res/hashnode/image/upload/v1711647309341/ffc17d99-bb79-4589-a456-59dfcdf36c93.png align="center")

## Document Checklist

1. ဆယ်တန်းအောင်လက်မှတ် + Notary
    
2. ဆယ်တန်းအမှတ်စာရင်း + Notary
    
3. ပထမနှစ် အမှတ်စာရင်း သို့မဟုတ် Internationally Recognized Test Result
    
4. နောက်ခံအဖြူ ၂x၂ ဓာတ်ပုံ
    
5. Passport Front Page Scan
    
6. Application Fee - 1200 Baht
    
7. English Test Fee (IELTS, TOEFL etc မရှိမှသာ) - 400 Baht
    
8. ဘာသာရပ်အလိုက် ထပ်ဆောင်းလိုအပ်တဲ့ documents များ
    

# Part Three

နောက်တစ်ပိုင်းမှာ Living Cost နဲ့ Accomodation အကြောင်းကိုဆက်လက်ဖတ်ရှုနိုင်ပါတယ်

[https://khantzawhein.me/chiang-mai-university-cmu-part-three](https://khantzawhein.me/chiang-mai-university-cmu-part-three)
