Skip to main content

Command Palette

Search for a command to run...

Chiang Mai University - CMU အကြောင်းတစေ့တစောင်း - Part One (Updated 2024)

ဇင်းမယ်တက္ကသိုလ်ဟာ ထိုင်းနိုင််ငံ ချင်းမိုင််မြို့မှာ တည်ရှိပြီး ၁၉၆၄ ခုနှစ်တည်းက တည်ထောင်ထားတာပါ။

Updated
2 min read
Chiang Mai University - CMU အကြောင်းတစေ့တစောင်း - Part One (Updated 2024)
K

Former Full-stack Engineer at Nexlabs

Undergrad SE @ CAMT - Chiang Mai University

Part One - Intro To CMU

နိဒါန်း

အခုဆိုရင် စာရေးသူ ချင်းမိုင်(ဇင်းမယ်) တက္ကသိုလ် ဆိုတာကြီးမှာ တက်လာတာ တစ်နှစ်ပြည့်လို့ အိမ်ပြန်ချိန်တစ်ဖန်ရောက်ခဲ့ပြီပေါ့ဗျာ။ အခုဆိုရင် စာရေးသူလဲဲ ချင်းမိုင်တက္ကသိုလ် ဆိုတာဘယ်လိုမျိုးလဲ ဘာလဲ ဒီမှာ ကျောင်းလာတက်ရတာ အကျိုးရှိရဲ့လား ကုန်ကျစရိတ်နဲ့ ပြန်ရတဲ့ ပညာရေးအဆင်အတန်း စသဖြင့် ရီဗျူးလေးတွေပေးလို့ရသင့်သလောက်တော့ရနေပါပြီ။

အခုနောက်ပိုင်း မြန်မာနိုင်ငံရဲ့ ဆိုးဝါး လာနေတဲ့အခြေအနေ ကြောင့် မြန်မာနိုင်ငံက Uni Student တွေ ဒီကျောင်းကို စိတ်ဝင်စားမှုများလို့ အခုလို Article လေးတစ်ခု သေသေချာချာရေးဖို့ဖြစ်လာခဲ့တာပါ။

Quick Facts ;)

ဒီအပိုင်းကတော့ Google မှာရှာလဲရတာမို့ တိုတိုတောင်းတောင်းပဲထည့်ပေးပါတော့မယ်

ချင်းမိုင် တက္ကသိုလ် က ထိုင်းမှာ အဆင့် ၃ ရှိပြီး (Mahidol University, Chulalongkorn University ပြီးရင်) QS World Ranking မှာ #571 ရှိပါတယ်။

Campus ကလဲ တစ်ခုတည်းရှိတာမဟုတ်ပဲ Main Campus, Suandok Campus (Medical ပိုင်း နဲ့ Nursing အတွက်) နဲ့ Mae-Hia Campus (Agriculture အတွက်) ဆိုပြီးရှိပါတယ်။

သင်ကြားပေးတဲ့ Course တွေထဲမှာဆိုရင် Thai Program ထဲမှာ ဆို ပါးစပ်ထဲကရွတ်သမျှ course တိုင်း (Medical, Dentist, Nursing က စလို့ Science, Art & Literature, Engineering, IT) CMU မှာရှိပါတယ်

International Program အနေနဲ့ Art & Literature, Engineering, IT နဲ့ ဒီနှစ်မှထပ်တိုးထားတဲ့ Accountancy Major အပါအဝင် မေဂျာ ၁၅ ခုရှိပါတယ်။ အသေးစိတ်ကိုတော့ဒီမှာသွားကြည့်လို့ရပါတယ်။ - International Programs - CMU

အထက်ပါ Program များအပြင် Bachelor in Accountancy ဆိုတဲ့ Program အသစ်ထပ်တိုးထားပါတယ်

Education Quality - သင်ကြားမှုအဆင့်အတန်း

ဒီအကြောင်းကို ပြောရမယ်ဆိုရင် စာရေးသူက Faculty က College of Arts and Media (CAMT) အောက်က Software Engineering (SE) Program ကိုတက်ရောက်နေတာပါ။

စာရေးသူက ဒီ faculty တစ်ခုမှာပဲတက်ဖူးတာ ဆိုတော့ ဒီ faculty အကြောင်းပဲ ‌ပြောပြပါမယ်

Teaching Facilities အပိုင်းမှာတော့ ချင်းမိုင်က မြန်မာနိုင်ငံနဲ့နယ်စပ်ထိနေပေမယ့် မြန်မာကကျောင်းတွေ နဲ့ လားလားမှမဆိုင်ပဲ နိုင်ငံတကာ အဆင့်အတန်းကိုမှီပါတယ်။

ထို့အတူ Course Content တွေမှာလဲပြောစရာမရှိပါဘူး သင်ကြားရမယ့် ဘာသာရပ်အတွက် သေချာပြင်ဆင်ပေးထားပါတယ်

သို့ပေမယ့် International Program ရဲ့ Thai Lecturer အချို့ (အချို့) တွေမှာတော့ English အနည်းငယ် အားနည်းတာတော့တွေ့ရပါတယ်။ ‌English အားနည်းတယ်ဆိုတဲ့နေရာမှာ တချို့ဆရာတွေမှာ Pronunciation ပိုင်းလောက်ပဲ အားနည်းတာရှိပေမယ့် အချို့ဆရာတွေက‌ Pronunciation ကော ပြောတဲ့ Grammar, ရေးတဲ့ Language Usage ကအစ အဆင်မပြေတာမျိုး ကြုံဖူးပါတယ်။

ဒါပေမယ့်လဲ ဒီလိုမျိုးအရာတွေက အင်္ဂလိပ်စကားကို Primary Language အနေနဲ့မသုံးတဲ့နိုင်ငံတိုင်းမှာ အနည်းနဲ့အများတော့ ကြုံရမှာပါ။

Campus အခြေအနေကော?

Campus အကြောင်းပြောရရင်တော့ ကိုယ်တိုင်လာလည်ကြည့်တာပိုကောင်းမယ်ဆိုပေမယ့် Main Campus အကြောင်း အနည်းငယ် တော့ ချီးမွှမ်းလိုက်ပါဦးမယ်

တည်နေရာ

ချင်းမိုင်မြို့ရဲ့ မြို့တွင်း ဧရိယာထဲမှာ တည်ရှိပါတယ် Main Campus က Doi Suthep တောင်ခြေမှာ တည်ဆောက်ထားတာဖြစ်ပြီး ‌campus ‌ရဲ့ တောင်ဘက်နဲ့ မြောက်ဘက်မှာ ညဆိုလူစည်ကားလှတဲ့ ညဈေး နှစ်ခု ရှိပါတယ်။

Main Campus အကျယ်အဝန်း

တိတိကျကျပြောရရင် 725 ‌ဧက ကျယ်ပါတယ်။ ပြောကောင်းပြောနိုင်ပါတယ် -

"ဟ မင်း တို့ ကျောင်းက ငါတို့ မြန်မာက ဒဂုံတက္ကသိုလ်လောက်တောင် မကျယ်ပဲနဲ့"

အဲ့လိုထင်ရင်မှားသွားပါလိမ့်မယ် ကျောင်း ထဲမှာ အင်းယားကန်ဘောင် အသေးစားလေး နဲ့ မနက်ခင်း လမ်းလျှောက် လေ့ကျင့်ခန်းလုပ်လို့ရမယ့် ရေကန် အသေးလေးနဲ့ သေချာထိန်းသိမ်းပြင်ဆင်ထားတဲ့ပန်းခြံ တွေရှိပါတယ် ဒါ့အပြင် ကျောင်း ဧရိယာ တစ်ခုလုံးမှာ နေရာလွတ်မရှိသလောက်ကို Building တွေအပြည့် ရှိပါတယ်။ ဒါ့အပြင် သစ်ပင် တွေများလွန်းလို့ ချင်းမိုင် မြို့တွင်း ရဲ့ Green Area ဆိုလဲမမှားပါဘူး

Part Two

CMU အကြောင်း တစေ့တစောင့် ပဲ ရေးဖို့လုပ်ထားပေမယ့် ရေးရင်း နဲ့ ရေးစရာတွေ ထပ်ပေါ်လာလို့ အပိုင်း ၃ ပိုင်းခွဲရေးဖြစ်သွားပါတယ် 😂

အပိုင်း ၂ မှာတော့ CMU ကို လာဖို့ဆိုရင် ဘာတွေလုပ်ရမလဲပြင်ဆင်ရမလဲဆိုတာတွေ ဆက်လက်ဖတ်ရှုနိုင်ပါတယ်

စီမူ (Chiang Mai University - CMU) အကြောင်းတစေ့တစောင်း - Part Two

အပိုင်း ၃ မှာတော့ CMU မှာတက်မယ်ဆိုရင် ကုန်ကျစရိတ်နဲ့ကြောင်းတွင်းအဆောင်အကြောင်းအဓိက ‌ရေးသားပေးထားပါတယ်

စီမူ (Chiang Mai University - CMU) အကြောင်းတစေ့တစောင်း - Part Three