Part Two - How to get into CMU?
Previous Part
အရှေ့အပိုင်း ၁ မှာ CMU နဲ့ပတ်သက်ပြီး information အနည်းငယ်ကိုရေးပေးထားပါတယ်။
ယခုအပိုင်း ၂ မှာ CMU ဝင်ခွင့်နဲ့ပတ်သက်ပြီး ဆက်လက်ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။
Part 1 - စီမူ (Chiang Mai University - CMU) အကြောင်းတစေ့တစောင်း - Part One
Entrance Requirements
ဒီနေရာမှာ ကျောင်းလျှောက်မယ်ဆိုရင် သတိထားစေချင်တာ က မြန်မာက ဆယ်တန်းအောင်ရုံနဲ့ ဝင်ခွင့်မပေးပါဘူး။ ထိုင်းပညာရေးစနစ်က ၁၂တန်းဖြစ်တဲ့အတွက် တက္ကသိုလ်တစ်ခုခုက ပထမနှစ် သို့မဟုတ် GED ဖြေပြီးမှလျှောက်လို့ရပါတယ်။ အသေးစိတ်ကိုဒီမှာ ကြည့်လို့ရပါတယ်
CMU Entrance Announcement

အပေါ် က Announcement Link မှာ တင်ပေးထားတဲ့ Official Announcement ကိုသေချာဖတ်စေချင်ပါတယ် အဲ့ဒီမှာ လိုအပ်တဲ့အချက်အလက်အကုန်နီးပါးထည့်ပေးထားပါတယ်။


English Requirements
English Qualification အတွက် IELTS, TOEFL စသဖြင့်ရှိပြီးသတ်မှတ်ထားတဲ့ အမှတ်မှီရင် ထည့်လျှောက်လို့ရသလို မရှိပါက English Entrance ဖြေပြီးလျှောက်လို့ရပါတယ်။

3 Rounds for Application
CMU မှာ entrance application တင်ဖို့ ရက်အပိုင်းအခြား (Round) ၃ခုရှိပါတယ် Round တစ်ခုနဲ့တစ်ခု အချိန်မတူသလို လျှောက်လို့ရနိုင်တဲ့မေဂျာတွေလဲမတူပါဘူး
Schedule ကို ဒီလင့်ကနေကြည့်လို့ရပါတယ်။
CMU Entrance Schedules
Entrance Exam & Interview
a. Special Track
CMU Entrance Application မှာ Regular Track နဲ့ Special Track ဆိုပြီးနှစ်မျိုးရှိပါတယ်။ Special Track ဆိုတာ SAT ဖြေဆိုထားတဲ့သူတွေအတွက်ပါ။ SAT Score ရှိရင်လဲ သက်ဆိုင်ရာ Major အလိုက်အမှတ်မှီရပါဦးမယ်။ Special Track သမားတွေက Entrance Exam ဖြေဆိုစရာမလိုအပ်ပါဘူး။


b. Regular Track
Regular Track မှာတော့ လျှောက်ထားတဲ့ မေဂျာ အလိုက် ဖြေရတဲ့ Entrance Exam တွေမတူကြပါဘူး စာရေးသူကတော့ SE ကိုလျှောက်ခဲ့တဲ့အတွက် SE Aplitude Test + Mathematics ဖြေရပါတယ်။ ဘာတွေဖြေရမလဲသိချင်ရင် သက်ဆိုင်ရာ faculty ကို email နဲ့ပို့ပြီးမေးလို့ရပါတယ်။
သက်ဆိုင်ရာ Entrance Exam အောင်သွားရင် Zoom Interview ဖြေရပါတယ်။ Zoom Interview မှာ မေးတဲ့သူတွေက သက်ဆိုင်ရာ Faculty က Professor တွေဖြစ်ပြီး ဘာသာရပ်နဲ့သက်ဆိုင်တဲ့မေးခွန်း တချို့ကိုမေးတတ်ပါတယ်။

Document Checklist
ဆယ်တန်းအောင်လက်မှတ် + Notary
ဆယ်တန်းအမှတ်စာရင်း + Notary
ပထမနှစ် အမှတ်စာရင်း သို့မဟုတ် Internationally Recognized Test Result
နောက်ခံအဖြူ ၂x၂ ဓာတ်ပုံ
Passport Front Page Scan
Application Fee - 1200 Baht
English Test Fee (IELTS, TOEFL etc မရှိမှသာ) - 400 Baht
ဘာသာရပ်အလိုက် ထပ်ဆောင်းလိုအပ်တဲ့ documents များ
Part Three
နောက်တစ်ပိုင်းမှာ Living Cost နဲ့ Accomodation အကြောင်းကိုဆက်လက်ဖတ်ရှုနိုင်ပါတယ်
https://khantzawhein.me/chiang-mai-university-cmu-part-three