Chiang Mai University - CMU အကြောင်းတစေ့တစောင်း - Part Three (Updated 2024)
ချင်းမိုင်မြို့ ရဲ့ နေထိုင်စရိတ် က နိုင်ငံတကာကျောင်းတက်စရိတ်ထဲမှာဆိုရင် အသက်သာဆုံးလို့တောင်ပြောလို့ရပါတယ်။

Former Full-stack Engineer at Nexlabs
Undergrad SE @ CAMT - Chiang Mai University
Part Three - After Admission
Previous Parts
အရှေ့အပိုင်း ၁ မှာ CMU နဲ့ပတ်သက်ပြီး information အနည်းငယ်ကိုရေးပေးထားပါတယ်။
Part 1 - စီမူ (Chiang Mai University - CMU) အကြောင်းတစေ့တစောင်း - Part One
အပိုင်း ၂ မှာ CMU ဝင်ခွင့်နဲ့ပတ်သက်ပြီး ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။
Part 2 - စီမူ (Chiang Mai University - CMU) အကြောင်းတစေ့တစောင်း - Part Two
ယခုအပိုင်း ၃ မှာတော့ CMU မှာတက်မယ်ဆိုရင် ကုန်ကျစရိတ်နဲ့ကြောင်းတွင်းအဆောင်အကြောင်းအဓိက ရေးသားပေးထားပါတယ်
Costs - ကုန်ကျစရိတ်?
Tuition Fee
Tution Fee က တော့ ၂၀၂၄ ဝင်ခွင့်အတွက် တစ် semester ကို THB 55000 က စပါတယ်။
International Student အတွက် ဒီနှစ်က စပြီး THB 20000 တက်သွားတာပါ။
တချို့ Program မှာ ဆိုရင် Registration Fee ပေးရတာမျိုးရှိပါတယ်။
အောက်ကဇယားထဲမှာကြည့်လို့ရပါတယ်။ 👇

Living Costs ?
ယေဘုယျ အခြေခံ ကုန်ကျစရိတ်တွေကို ကြည့်ရတာရှင်းအောင် အောက်မှာဇယားလေးနဲ့ဖော်ပြပေးထားပါတယ်။
Food cost ကို နေ့တိုင်း Canteen သို့မဟုတ် သက်သာတဲ့နေရာမှာဝယ်စားတယ်လို့ ယူဆပြီးတွက်ပေးထားပါတယ်
| What | Frequency | How much (in Baht) |
| Breakfast / Lunch / Dinner | 3 times / day | 60 x 3 = 180 / day |
| Personal Monthly Costs | Monthly | 1500 |
| Accommodation (Non Renovated Dorm) | Per semester | 2200 |
| Visa Extension | Yearly | 1900 |
| Health Insurance | Yearly | 4000-6000 |
| Average Monthly Cost | 4000-6500 |
ကိုယ်ခြိုးခြံချွေတာနိုင်ရင် ချွေတာနိုင်သလို တစ်လကို ၃၅၀၀ - ၄၀၀၀ ကြား နဲ့ နေထိုင်လို့ရပြီး သုံးရင်လဲသုံးသလောက် တစ်လကို 5000 အထက် ကုန်နိုင်ပါတယ်။
In-Campus Dormitory မရရင် တော့ တစ်လကို 7500 နှင့်အထက်ကုန်ကျနိုင်ပါတယ်။
Scholarships?
Entrance Scholarship နဲ့ Faculty Scholarship တွေရှိတတ်ပါတယ်။ များသော အားဖြင့် Humanitarian နဲ့ Engineering Faculty နဲ့သက်ဆိုင်တဲ့ ဘာသာတွေမှာ ပေးတာများပါတယ်။ (Eg. Social Science, Humanities, Mechanical Engineering.. etc)
စာရေးသူရဲ့ Software Engineering ရဲ့ Faculty ဖြစ်တဲ့ CAMT မှာတော့ Entrance Scholarship ကော Faculty Scholarship ကော တစ်ခုမှမရှိဘူးလို့ မျက်ရည်နှစ်စက်နဲ့ပြောပြလိုက်ပါတယ် TT
ကျောင်း Scholarship မရှိလဲ NGO Scholarship တွေဖြစ်တဲ့ Child's Dreams, Prospect Burma, USAID DISP တို့ကိုတော့လျှောက်ထားနိုင်ပါသေးတယ်။
Accommodation / Dorm
ဒီနေရာမှာတော့ ကျောင်းရဲ့ Dorm တွေအကြောင်းပဲအဓိက ထားပြီးပြောပေးပါမယ်။ ဘာလို့ဆိုတော့ စာရေးသူတုန်းက ကျောင်းတွင်း အဆောင် (In-Campus Dorm) ရဖို့ကို နည်းနည်းတိုင်ပတ်ခဲ့လို့ပါ။ (ကျောင်းက staff တွေကလဲ dorm ကိစ္စအတွက် information provide မလုပ်ပေးကြပါဘူး)
Update: ကျောင်းတွင်း အဆောင်တွေက 2024 မှာ ရနိုင်ဖို့ခက်ခဲပါသွားပါတယ်။ ထိုင်းကျောင်းသားတွေကို ဦးစားပေးတာနဲ့ အချို့အဆောင်တွေ renovation လုပ်ဖို့ပိတ်သွားလို့ပါ။
အပြင်မှာ တိုက်ခန်းငှားနေမယ်ဆိုရင်တော့ ကျောင်းနားတစ်ဝိုက် walking area မှာဆို အနည်းဆုံး ၂ယောက် နေလို့ရတဲ့ အခန်းကို ၃၅၀၀ ကနေ စပြီး ၆၀၀၀ - ၈၀၀၀ ထိ ရေမီး မပါ ကုန်ကျစရိတ်ရှိနိုင်ပါတယ်။
အဆောင်ဘယ်တော့စလျှောက်လို့ရလဲ?
မိမိ လျှောက်တဲ့ Round ရဲ့ admission result ထွက်အပြီး ၂ပတ်လောက်အတွင်းမှာ လျှောက်ရပါမယ်
ရက်အတိအကျကို udo.oop.cmu.ac.th နဲ့ roombooking.reg.cmu.ac.th မှာကြည့်လို့ရပါတယ် (ထိုင်းလိုတွေရေးထားမှာဖြစ်တဲ့အတွက် Google Translate နဲ့တော့ဖတ်ရပါလိမ့်မယ်)
In-Campus Dorm ကဘယ်လိုမျိုးလဲ?
Shared Bathroom - No A/C
ကျောင်းထဲက Dorm အကုန်နီးပါးက Shared Bathroom ဖြစ်ပြီး A/C မပါကြပါဘူး
ဒါပေမယ့် Non-Renovated Dorm တွေက ဈေးသင့်တော် လို့ မြန်မာတွေတော်တော်များများနေ ကြပါတယ်
Renovated Dorm ကတော့ Facility ကောင်းကောင်းနဲ့နေချင်တဲ့သူတွေအတွက်ပေါ့ ;)


Caption - Female Dormitory 6 - Renovated
ဓာတ််ပုံတွေဒီမှာကြည့်လို့ရပါတယ် - Room List - University Dormitory Office - CMU
| Dorm | Bedding / Room | Cost / Semester / Person (Baht) |
| Male Dorm 3/4 (Renovated) | 2 | 8750 + 2000 (Deposit) |
| Male Dorm 5/6 | 3 | 2200 + 100 (Deposit) |
| Male Dorm 7 | 2 | 2200 + 100 (Deposit) |
| Female Dorm 1/2/3/8 | 3 | 2200 + 100 (Deposit) |
| Female Dorm 4/5/6/7 (Renovated) | 2 | 8750 + 2000 (Deposit) |
Private Bathroom with A/C (Twin Rooms)
ဒီ new dorm တွေက တော့ walk-in သို့မဟုတ် facebook page က နေ စာရင်းပေးပြီးမှ နေလို့ရတာပါ။ တစ်လကို ဘတ် ၂၅၀၀ ရှိပြီး မီးဖိုး နဲ့ ရေဖိုးသက်သက်ထပ်ပေးရပါတယ်။
Facebook Page - https://www.facebook.com/newdormcmu

Caption - Male Dormitory 1
| Dorm | Cost / Month / Person | Electricity / Unit | Water / Unit |
| Male Dorm 1/2 | 2500 + 2500 (Deposit) | 6 Baht | 10 Baht |
| Female Dorm 11/12 | 2500 + 2500 (Deposit) | 6 Baht | 10 Baht |
ဘယ်လိုလျှောက်ရမှာလဲ?
CMU က အခုနှစ် (၂၀၂၃) ကစပြီး International Student အနေနဲ့ register လုပ်ပြီး လျှောက်မယ်ဆိုရင် ကျောင်းအပြင်ဘက်က apartment တွေပဲပေးတော့ပါတယ်။ သို့ပေမယ့် အဲ့အပြင် Apartment တွေဈေးကလဲမြင့်တာမို့ မြန်မာကျောင်းသားတွေကြားမှာ လူကြိုက်နည်းကြပါတယ်
International Student Dormitory E-Book - https://online.pubhtml5.com/pmyt/hqwy/
ဒါပေမယ့် လက်ရှိ In-Campus Dorm တွေမှာ 2567 Batch (2024) ကစပြီး Walk-in ပဲလျှောက်လို့ရပါတော့မယ်။ အချို့မိန်းကလေး အဆောင်တွေက renovation လုပ်နေတဲ့အတွက် အဆောင်အရေအတွက်လျော့သွားပြီး နေချင်တဲ့ကျောင်းသားတွေပိုများလာတာမို့ အဆောင်ရဖို့ ဆို Waiting List ပေးပြီးစောင့်မှရနိုင်ပါတော့မယ်။
In-Campus vs. Out-Campus
အထက်မှာ ဇယားနဲ့ပြောပြခဲ့တဲ့ Dorm အကုန်လုံးက In-Campus Dorm တွေဖြစ်ပါတယ်။ In-Campus Dorm ဆိုတာနဲ့အညီီ ကျောင်းထဲမှာတည်ရှိပြီးတော့ သွားရလာရလွယ်ကုန်ပြီး အခန်းစရိတ်လဲ အလွန်သက်သာတဲ့ထဲပါပါတယ်။
သို့ပေမယ့် In-Campus Dorm တွေမှာနိုင်ငံခြားကျောင်းသားအများစုမနေကြပါဘူး ထိုင်းကျောင်းသားတွေနဲ့ မြန်မာ ကျောင်းသား တွေပဲအဓိက နေထိုင်ကြပါတယ်။ ဒီနေရာမှာနိုင်ငံခြားကျောင်းသားဆိုတာ မြန်မာမဟုတ်တဲ့ကျောင်းသားတွေကိုပြောတာပါ :3
ထို့အတူ Pros and Cons လေးတွေတော့ရှိလာပါတယ်
Pros အနေနဲ့ပြောရရင် ကျောင်းထဲနေရတာက
နေထိုင်စရိတ်အလွန်သက်သာတယ်
မီးနဲ့ရေဖိုးသက်သက်ထပ်ပေးစရာမလိုဘူး (A/C Dorm ကလွဲ)
ကုန်ကျစရိတ် fixed လုပ်ပြီးသားဖြစ်တယ်
Wifi ကကျောင်းထဲနေရာတိုင်းမှာရတဲ့ အပြင် Dorm တွေမှာလဲ လိုင်းကောင်းရင် 1Gbps ထိတက်တဲ့ wifi hotspot တွေတပ်ဆင်ပေးထားတယ်
ရေသန့်စက်တွေနေရာတိုင်း အထပ်တိုင်း ထားပေးထားတာ
အကြွေစေ့ အဝတ်လျှော်စက်တွေရှိတာ
ကျောင်းထဲ သွားရလာရတာ နီးတာ
အဆောင်တိုင်းမှာ A/C Reading Room နဲ့ Computer Room ရှိတာ
Cons အနေနဲ့ကတော့
ထိုင်းကျောင်းသားအတွက်အဓိက နေထိုင်ခွင့်ပေးတာဖြစ်တဲ့အတွက် Dorm Staff တွေက English လိုမရကြတာများပါတယ်
အဆောင်ပိတ်ချိန်ရှိတာ (ည ၁၂ ဆိုပိတ်ပါတယ်)
ပထမနှစ်ကိုသာ အဓိကပေးတဲ့အတွက် ဒုတိယနှစ်ကစပြီး လိုအပ်တဲ့သူတွေကိုပဲပေးတာမို့ Interview ပြန်ဖြေရတာ
အပြင်လူ (လုံးဝ) အခန်းထဲ ခေါ်လို့မရပါဘူး
အခန်းအကျယ်ဝန်း နည်းတာ
ဟင်းချက် ဖို့အတွက် အဆင်မပြေတာ (ထမင်းအိုး ရေနွေးအိုးတော့တည်လို့ရပါတယ်)
အဆောင်ဖြစ်တဲ့အတွက် အဆောင်စည်းကမ်းလိုက်နာရတာတွေ ရှိပါတယ်
ခြုံပြောရမယ်ဆို ရင် ကျောင်းအဆောင်မှာနေတာက အိမ်ခန်းငှားခ ကို မရှိသလောက်နီးနီးလျော့ချပေးနိုင်တဲ့အတွက် Budget အနေနဲ့ ကျောင်းတက် မယ်ဆိုရင်တော့ ကျောင်းသားတစ်ယောက် အတွက်လိုအပ်တာ အကုန် လုံလုံလောက်လောက်ရှိတဲ့ အဆောင်မှာပဲနေဖို့အကြုံပြုလိုပါတယ်။


